မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားအလွန်ပြင်းထန်တဲ့ ငလျင်ကြောင့် လမ်းပိုင်းပျက်စီးမှုဖြစ်ပေါ်ခဲ့ပြီး ယာယီရပ်နားခဲ့ရတဲ့ ပျဉ်းမနား-တောင်တွင်းကြီး အစုန်၊အဆန် လူစီးကုန်တင်ရထားခရီးစဉ်ကို ယနေ့ ဧပြီ ၁၀ ရက်နေ့မှာ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲပေးနေတယ်လို့ မြန်မာ့မီးရထားမှ သိရပါတယ်။အဆိုပါ ငလျင်ကြောင့် ပျဉ်းမနား- တောင်တွင်းကြီးလမ်းပိုင်း၌ ပျဉ်းမနားဘူတာမှ ကံသာဘူတာကြား ရထားလမ်းပိုင်းအချို့ အပါအဝင် လမ်းပျက်စီးမှု ၁၁ နေရာနှင့် တံတား ၂ စင်းပျက်စီးခဲ့ရသဖြင့် ၎င်းရထားခရီးစဉ်ကို ယာယီရပ်နားထားခဲ့ရာက ပြန်လည်ပြုပြင်ခဲ့တာဖြစ်ပြီးပျဉ်းမနား-တောင်တွင်းကြီးရထားခရီးစဉ်ကို အမှတ် (၁၀၃)အဆန် နှင့် အမှတ် (၁၀၄) အစုန် လူစီးကုန်တင်ရထားဖြင့် ပုံမှန်အတိုင်းပြန်လည်ပြေးဆွဲပေးနေပြီး နေ့စဉ် တောင်တွင်းကြီးမှ စထွက် မနက် ၅ နာရီနှင့် ပျဉ်းမနားစထွက် နေ့လယ် ၂ နာရီအချိန်သတ်မှတ်ထားကြောင်း၊ ငလျင်ကြောင့် ထိခိုက်မှုမရှိဘဲ ရထားလမ်းအဆင့်မြှင့်တင်မှုဆောင်ရွက်နေတဲ့ မော်လမြိုင်-ရေး လူစီးကုန်ရထားတစ်စင်းကိုလည်း ယနေ့ ဧပြီ ၁၀ ရက်နေ့မှာ စတင်ပြေးဆွဲပေးနေပါတယ်။


