back

ကစားသမားတွေကို ဆက်ပြီးအာရုံစိုက်ဖို့ ဘာစီလိုနာနည်းပြဟန်ဆီဖလစ် တိုက်တွန်း

Apr 10 • 5:08 AM

breaking-news

မြန်မာ

ပြည်ပ

cover

ကစားသမားတွေကို ဆက်ပြီးအာရုံစိုက်ဖို့ ဘာစီလိုနာနည်းပြဟန်ဆီဖလစ် တိုက်တွန်း

ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ဒေါ့မွန်အသင်းကို ၄ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရခဲ့ပေမယ့် နည်းပြဟန်ဆီဖလစ်က သူ့ရဲ့ကစားသမားတွေ...

ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ဒေါ့မွန်အသင်းကို ၄ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရခဲ့ပေမယ့် နည်းပြဟန်ဆီဖလစ်က သူ့ရဲ့ကစားသမားတွေကို ဆက်ပြီးအာရုံစိုက်ဖို့ တိုက်တွန်း ခဲ့ပါတယ်။ ဟန်ဆီဖလစ်က “ကျနော်တို့ နောက်တဆင့်ကို မရောက်ရှိသေးပါဘူး။ ဘောလုံးဆိုတာ ရူးသွပ်စရာကောင်းတဲ့ အားကစားဖြစ်တဲ့အတွက် ဘာတွေဖြစ်လာမလဲဆိုတာ ခင်ဗျားတို့ မသိနိုင်ပါဘူး။ နောက်တဆင့် တက်ချင်တယ် ဆိုရင် ဒီပွဲမှာလုပ်ခဲ့သလိုမျိုး အမှားအယွင်းမရှိဘဲ ဒေါ့မွန်မှာ ကျနော်တို့ကစားရမှာပါ။ ကျနော်တို့ ကောင်းမွန်စွာ ကစားပြီး ဂိုးတွေ သွင်းယူနိုင်တဲ့အချိန်မှာ ဒီလိုတွေဖြစ်ခဲ့တာပါ”လို့ Movistar Plus ကို ပြောခဲ့တာပါ။


news-view-count-icon

14