နေ့ခင်းအချိန်တွေမှာ အမြဲလိုလို လေးလံငိုက်မျဉ်းတတ်တာဟာ အသက်အရွယ်ကြီးလာခြင်းအပြင် ဒီမန်ရှာရောဂါ သတိပေးလက္ခဏာလည်း ဖြစ်နိုင်ပါတယ်။ လေ့လာချက်အသစ်တစ်ခုမှာ နေ့ခင်းအချိန်အတွင်း အိပ်ငိုက်တတ်တာဟာ စိတ်ပိုင်းကျန်းမာရေး ကျဆင်းလာတဲ့ လက္ခဏာဖြစ်တယ်လို့ ထောက်ပြထားပါတယ်။ အသက် ၈၀ ဝန်းကျင်ရှိ အမျိုးသမီး ၇၃၃ ဦးကို ဆန်းစစ်ခဲ့ကြရာ အချိန် ၅ နှစ်တာအတွင်း နေ့ခင်းပိုင်း ပင်ပန်းနွမ်းနယ်လွယ်တဲ့ သူတွေက ဒီမန်ရှာဖြစ်နိုင်ခြေ နှစ်ဆနီးပါးလောက်ရှိတယ်လို့ တွေ့ရှိခဲ့ပါတယ်။



