ရေသည် အနာဂတ်ကာလ၏ လောင်စာစွမ်းအင် ဖြစ်လာမည်ဟု ပြင်သစ်နိုင်ငံသား စိတ်ကူးယဉ်သိပ္ပံဝတ္တု စာရေးဆရာ ဂျူစ်ဗန်းက လွန်ခဲ့သော နှစ်ပေါင်း ၁၅၀ ခန့်က ကြိုတင်ဟောကိန်းထုတ်ခဲ့သည်။ မျက်မှောက်ခေတ်တွင် တရုတ်သိပ္ပံပညာရှင်များက ထိုစိတ်ကူးအား လက်တွေ့ဖြစ်လာစေရန် ကြိုးပမ်းလျက်ရှိသည်။တရုတ်သုတေသီများက ဟိုက်ဒရိုဂျင် ထုတ်လုပ်မှုအတွက် နေစွမ်းအင်ဖြင့် ရေဓာတ်ဖြိုခွဲရာ၌ အရေးပါသော တိုးတက်အောင်မြင်မှုတစ်ခုကို မကြာမီက ရရှိခဲ့ကြောင်း သိရသည်။ ၎င်းတို့အနေဖြင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းတစ်မျိုးအား "ဒြပ်စင်အစားထိုးခြင်း" နှင့် "ဖွဲ့စည်းမှုပုံစံ ပြန်လည်ပုံသွင်းခြင်း" တို့ လုပ်ဆောင်ခြင်းဖြင့် နေရောင်ခြည်ကို အသုံးပြုကာ ရေအား သန့်စင်ဟိုက်ဒရိုဂျင်စွမ်းအင်အဖြစ် အသွင်ပြောင်းနိုင်စွမ်းကို သိသိသာသာ မြှင့်တင်နိုင်ခဲ့သည်။
တရုတ်နိုင်ငံက ဟိုက်ဒရိုဂျင်စွမ်းအင် ထုတ်လုပ်မှုအတွက် နေစွမ်းအင်ဖြင့် ရေဓာတ်ဖြိုခွဲရာ၌ အရေးပါသော တိုးတက်အောင်မြင်မှုရရှိ
Apr 10 • 2:36 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 20 | 0 | 0 | 0 |


