တစ်ကြောင်းတစ်ဂါထာတစ်ရွာတစ်ပုဒ်ဆန်းဆိုသလိုပါပဲ။ ထိုင်းဆုန်ခရန် ပွဲတော်ကာလမှာ အတိတ်နိမိတ် ကောင်းတဲ့ ထိုင်း အစားအစာ ၈ ခု ကိုသုံးဆောင်ရင် လာဘ်လာဘ ပေါကြွယ်ဝတာ၊ ကျန်းမာရေးကောင်းတာ စတာတွေကို တစ်နှစ်ပတ်လုံး ခံစားရတယ်လို့ ထိုင်းလူမျိုးများကယုံကြည်ထားကြပါတယ်။ အဲဒီအစားအစာ ၈ မျိုးကတော့-
၁။ ကောက်ညင်းငချိတ်ပွဲ (Khao Niew Moon)
၂။ ငါးပေါင်း သို့မဟုတ် ငါးကြော်
၃။ ကြက်ဥ နဲ့ အညိုရောင် အချိုဆော့ (Kai Palo)
၄။ ဟင်းသီးဟင်းရွက် အချဉ် ဟင်းရည် (Kaeng Som Phak Ruam)
၅။ ပဲငံပြာရည်နဲ့ ချက်တဲ့ ဝက်သုံးထပ်သား (Moo Sam Chan Tom See Ew)
၆။ ဆွမ်းမွှေးရွက် ပူတင်း အချိုပွဲ (Khanom Piak Poon Bai Toey)
၇။ Thong Yip, Thong Yod and Foi Thong
၈။ ဖယုံသီး ဟင်းရည် (Tom Chued Fak ) တို့ဘဲဖြစ်ပါတယ်။



