တရုတ်ကားထုတ်လုပ်ရေးလုပ်ငန်း Leapmotor ကို ကျောထောက်နောက်ခံ ပြုပေးထားသည့် ဥရောပကားထုတ်လုပ်ရေးလုပ်ငန်း Stellantis သည် ပိုလန်တွင် Leapmotor ၏ လျှပ်စစ်ကားငယ် T03 ထုတ်လုပ်မှုကို မတ်လ ၃၀ ရက်မှစ၍ ရပ်ဆိုင်းလိုက်ကြောင်း Stellantis မှ ကြေညာချက် ထုတ်ပြန်သည်။ T03 တပ်ဆင်ထုတ်လုပ်မှု ရပ်လိုက်ရသည့် အကြောင်းရင်းကို ပြောကြားခြင်း မပြုချေ။ နီးစပ်သူအချို့က အခြားမော်ဒယ် ထုတ်လုပ်ရန် ရပ်လိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။Stellantis သည် Leapmotor International ဖက်စပ်လုပ်ငန်းတွင် ရှယ်ယာ ၅၁% ပိုင်ဆိုင်သည်။ တရုတ်ပြည်ပြင်ပတွင် Leapmotor ၏ အီးဗီများကို ရောင်းချခြင်း၊ ထုတ်လုပ်ခြင်း၊ ပြည်ပတင်ပို့ခြင်းတို့အတွက် တစ်ဦးတည်းကိုယ်စားလှယ်အဖြစ် လုပ်ကိုင်ခွင့် ရရှိထားသည်။
Apr 10 • 2:05 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 15 | 0 | 0 | 0 |


