နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ် ကွက်ရှိ မြို့နယ်အားကစားကွင်း၌ မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် ယာယီဖွင့်လှစ်ကုသပေးလျက်ရှိသည့် အမေရိကန်အခြေစိုက် Samaritan’s Purse Internation Relief Organization ၏ရွေ့လျားဆေးရုံမှဆေးကုသမှုခံယူနေသည့် လူနာများကိုအားပေး ပြီး အမေရိကန်ဆေးကုသရေးအဖွဲ့အနေဖြင့် လာရောက်ကူမှုအတွက် အမေရိကန်နိုင်ငံအစိုးရနှင့် အမေရိကန်ပြည်သူလူထုအားကျေးဇူး တင်သည်ဟုပြောကြားခဲ့ရာအမေရိကန်ဆေးကုသရေးအဖွဲ့တာဝန်ခံမှလည်း ယခုလိုလာရောက် ၍ ကူညီရေးလုပ်ငန်းများလုပ်ရာ ယာယီဆေးရုံတွင် လူနာမျိုးစုံအားအခမဲ့ကုသပေးခြင်း၊ ခွဲစိတ်ပေးခြင်းတို့ကိုဆောင်ရွက်ပေးလျက်ရှိပြီး ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံးမှ ခွဲစိတ်ဆရာဝန်၊ အရိုးကုဆရာဝန်များအပါအဝင် ပါရဂူနှင့် သူနာပြုများပူးပေါင်းဆောင်ရွက်လျက်ရှိပြီး အမေရိကန်ဆေးကုသရေးအဖွဲ့သည် ဧပြီ ၄ ရက်တွင် မြန်မာနိုင်ငံသို့ရောက်ရှိလာပြီး ဧပြီ ၇ ရက်မှစတင်၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ခဲ့ရာ လူနာ ၂၀ ဦးအားခွဲစိတ်ကုသပေးနိုင်ခဲ့ပြီး ဧပြီ ၁၀ ရက်တွင်လည်း အထူးကြပ်မတ်ဆောင် ၁ ဆောင်နှင့် ခွဲစိတ်ခန်း ၂ ခန်းကို ထပ်မံဖွင့်လှစ်သွားမည်ဖြစ်သည်။
အမေရိကန်မှ ရွေ့လျားဆေးရုံနေပြည်တော်တွင်ဖွင့်ပြီးမကြာမီ အထူးကြပ်မတ်ဆောင် ၁ ဆောင်နှင့် ခွဲစိတ်ခန်း ၂ ခန်းကို ထပ်မံဖွင့်လှစ်မည်
Apr 10 • 1:39 AM
မြန်မာ
နေပြည်တော်
မျှဝေမည်
| 26 | 0 | 0 | 0 |


