ကျိုင်းတုံမြို့၌ နှစ်စဉ်ကျင်းပလေ့ရှိသည့် ရှမ်းတိုင်းရင်းသားရိုးရာ မဟာသင်္ကြန်ဖားစည်တော်ပွဲကို ၂၀၂၅ ခုနှစ်တွင် စစ်ကိုင်းဒေသအင်အားပြင်းငလျင်ကြောင့် စည်ကားသိုက်မြိုက်စွာ မကျင်းပတော့ဘဲ၊ ရိုးရာမပျက်ပူဇော်ပသမှုများကိုသာ အကျဉ်းချုပ်စွာ ပြုလုပ်မည်ဖြစ်ကြောင်း ကျင်းပရေးကော်မတီက ထုတ်ပြန်ကြေညာသည်။



