အမေရိကန်က အကူအညီဖြတ်တောက်ခဲ့ပြီးနောက် တောင်ဆူဒန်တွင် ဆေးခန်းများ ပိတ်ထားခဲ့ရသည့်အတွက် ကလေးများသည် ယင်းဆေးခန်းများသို့ မိုင်ပေါင်းများစွာ လမ်းလျှောက်၍ သွားရောက်ပြသနိုင်ခြင်းမရှိတော့ သည့်အတွက် ကာလဝမ်းရောဂါဖြင့် သေဆုံးနေကြသည်ဟု နိုင်ငံတကာ အဖွဲ့တစ်ဖွဲ့က ဧပြီ ၉ ရက်တွင် သတိပေးပြောကြားခဲ့ သည်။ အလွန်ဆင်းရဲချို့တဲ့နေသော တောင်ဆူဒန်နိုင်ငံသည် လွတ်လပ်ရေးရရှိခဲ့သည့်၂၀၁၁ ခုနှစ်နောက်ပိုင်း လုံခြုံရေးပြဿနာများဖြင့် ရင်ဆိုင်နေရပြီး ငါးနှစ်ကြာပြည်တွင်းစစ်ပွဲကို အဆုံးသတ်စေခဲ့သည့် ငြိမ်းချမ်းရေးသဘော တူညီချက်သည် ပျက်စီးမည့်အခြေအနေနှင့် ရင်ဆိုင်နေရသည်။



