ဗီယက်နမ်သည် တရုတ်နိုင်ငံပြီးလျှင် အမေရိကန်သို့ အဝတ်အစားနှင့် ဖိနပ် ဒုတိယအများဆုံး တင်ပို့သည့်နိုင်ငံဖြစ်ပြီး Nike, Adidas နှင့် အခြားအမှတ်တံဆိပ်များအတွက် အဓိကထုတ်လုပ်သည့်နေရာဖြစ်သည်။ ဗီယက်နမ်သည် အမေရိကန်၏ အခွန်စည်းကြပ်မှု အသစ်အပေါ် ၄၅ ရက် နှောင့်နှေးထားရန် တောင်းဆိုထားသည်။ Nike က အကောက်ခွန် သက်သာစေရန် အမေရိကန် ထုတ်လုပ်မည် ဆိုပါက ကုန်ကြမ်းများ တင်သွင်းသည့်အပေါ် အကောက်ခွန် နှုန်းထားသစ်များ ပေးဆောင်ရမည့်အပြင် လုပ်သားစရိတ်လည်း မြင့်မားသဖြင့် အကောက်ခွန် ပေးရသည်ထက် ပိုမို ကုန်ကျမည်။ သို့ဖြစ်ရာ ရွေးစရာ လမ်းမရှိ။ ဗီယက်နမ်မှာသာ ဆက်လက်ထုတ်လုပ်ပြီး တင်သွင်းမည်ဟု ဆိုသည်။ သို့သော် အကောက်ခွန်ကြောင့် ရောင်းဈေးများ ဈေးတက်မည်ဖြစ်သဖြင့် ဗီယက်နမ်မှ မှာယူမည့် အရေအတွက် သိသိသာသာ လျော့နည်းဖွယ် ရှိသည်။



