ထိုင်းနိုင်ငံ ပတ္တရားမြို့ရှိ ကွန်ဒိုမီနီယံတွင် ဧပြီလ ၇ ရက် တနင်္လာနေ့ ညနှောင်းပိုင်းက ဗြိတိန်အမျိုးသားတစ်ဦး မှ ရုရှားကစားတဲ့ တစ်ကိုယ်တော် ဂိမ်းကစားဟန်ဖြင့် မိမိကိုယ်ကို သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး သေဆုံးခဲ့သည်။ သေဆုံးသူမှာ အသက် 30 နှစ်အရွယ် ဗြိတိန်နိုင်ငံသား မိုက်ကယ် ဂျိမ်းစ်ဖြစ်ကြောင်း သိရသည်။ အခင်းဖြစ်ရာသို့ သက်ဆိုင်ရာက ရောက်ရှိလာပြီး ၁၁ လွှာရှိ တိုက်ခန်းရှိ ၎င်း၏ နဖူးတွင် သေနတ်ဒဏ်ရာမှ သွေးထွက်ကာ သတိလစ်မေ့မြောနေသည်ကို တွေ့ရှိခဲ့ရပြီး စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။



