မြန်မာနိုင်ငံအတွင်းသို့နယ်စပ်လမ်းကြောင်းမှဝင်ရောက်လာသည့် အီသီယိုးပီးယားနိုင်ငံသား တစ်ဦးကို ထိန်းသိမ်းခဲ့ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသည့် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ အပါအဝင် ဒုစရိုက်မှုများကို ထိထိရောက်ရောက် နှိမ်နင်းဆောင်ရွက်လျက်ရှိရာ မြဝတီမြို့- ရွှေကုက္ကိုလ် KK Park နယ်မြေသို့ တရားမဝင် လမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်နေသည့် အီသီယိုးပီးယား နိုင်ငံသား တစ်ဦးကို ယနေ့ ဧပြီလ ၉ ရက်တွင် ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်း နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။



