မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် တရုတ်နိုင်ငံအစိုးရမှပေးပို့သည့် အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ငလျင်ကယ်ဆယ်ရေးပစ္စည်းများ ယနေ့ ဧပြီ ၉ ရက်မွန်းတည့် ၁၂ နာရီ ၂၀ မိနစ်က ပဥ္စမအသုတ်အဖြစ် ရန်ကုန်လေဆိပ်သို့ထပ်မံရောက်ရှိလာခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးထံမှ သိရသည်။ပဉ္စမအသုတ်အဖြစ်ရောက်ရှိလာသည့် ငလျင်ကယ်ဆယ်ရေးပစ္စည်းများတွင် ရွက်ဖျင်တဲ(၂၆၆)လုံး၊ခြင်ထောင်အလုံး(၂၀၀၀၀)၊ မိုးရေကာဖျင်စ (၉၀၀၀)နှင့် ခေါက်ဆွဲခြောက်ဖာ(၂၀၀၀)တို့ပါဝင်ကြောင်း သိရပါသည်။



