မေးခိုင်ကာကွယ်ဆေးထိုးပေးရာတွင် ယမန်နေ့ ဧပြီ(၈) ရက်၌ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင် ငလျင်ဘေးသင့်သူများအား ကယ်ဆယ်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်နေသော တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များအား မေးခိုင်ကာ ကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း အသိပေးထားသည်။ထို့ပြင် မန္တလေးတိုင်း၊ တံတားဦးမြို့နယ်ရှိ ငလျင်ဘေးသင့်ပြည်သူများအားကိုလည်း တံတားဦးမြို့နယ် ပြည်သူ့ကျန်း မာရေးဦးစီးဌာန၊ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့နှင့် လပွတ္တာ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့တို့ပူးပေါင်း၍ ဘေးလုံကျောင်း ၊ ဥတည်ရွာ၊ ဈေးချိုရပ်၊ စကားအင်းရွာတို့မှ ငလျင်ဘေးသင့်သူ စုစုပေါင်း (၃,၆၅၀) ဦးအား မေးခိုင်ကာကွယ်ဆေးထိုးနှံခြင်းနှင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျောရောဂါကာကွယ်ဆေး တိုက်ကျွေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။



