နေပြည်တော် မီးရထားဌာန နှင့် မွေးမြူရေးဌာန ဝန်ထမ်းအိမ်ယာများပြိုကျမှုတွင် သေဆုံးသူရုပ်အလောင်းများကို ယနေ့ (ဧပြီလ ၉ရက်)အထိ ပြန်ဖော်နိုင်ခြင်းမရှိသေးဘဲ ဘေးပတ်ဝန်းကျင်တွင် အပုတ်နံ့များထွက်နေသည်။အဆိုပါအိမ်ရာသည် ဇမ္ဗူသီရိမြို့နယ်၌ ရှိပြီး မတ်လ ၂၈ရက်က လှုပ်သော စစ်ကိုင်းငလျင်ကြီးကြောင့် ၄ ထပ်တိုက် အမှုထမ်းအိမ်ရာ ၂၅ လုံး၊ အရာထမ်းအိမ်ရာ ၁၇ လုံးမြေကျွံပြိုကျပျက်စီးခဲ့သည်ဟု ဝန်ထမ်းတစ်ဦးကပြောသည်။ စစ်ကောင်
စီက အရေးပေါ်ကယ်ဆယ်ရေးမလုပ်ခဲ့သောကြောင့် ပိတ်မိသူများပါသေဆုံးသူများပြားခဲ့ပြီး ယခုအခါ အပုတ်နံ့များထွက်နေပြီဟုပြောသည်။လက်ရှိတွင် အပုပ်နံ့ထွက်နေသောနေပြည်တော် မီးရထားဌာနနှင့် မွေးမြူရေးဌာန ဝန်ထမ်းအိမ်ယာအနီးမှ ဒေသခံများသည် ကူးစက်ရောဂါများကူးစက်လာမည်ကိုစိုးရိမ်နေကြသည်။ အဆောက်အအုံအောက်တွင် ပိမိနေသော အလောင်းများအား မရှင်းလင်းပါက ကူးစက်ရောဂါများဖြစ်ပွားနိုင်ကြောင်း ကျန်းမာရေးဆိုင်ရာကျွမ်းကျင်သူများကသတိပေးထားသည်။



