ဧပြီလ ၉ရက်နေ့သတင်း ကြေငြာချက်အရ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် လိုအပ်သည့် ကူညီထောက်ပံ့ရေးပစ္စည်းများနှင့် နည်းပညာအကူအညီများကို တရုတ်နိုင်ငံက ဆက်လက် ဆောင်ရွက်ပေးသွားမည်။ မန္တလေးငလျင်ကြီးဘေးတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ခဲ့သည့် တရုတ်နိုင်ငံ အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် ယခုအခါ ၎င်းတို့၏ တာဝန်များ ပြီးဆုံးပြီဖြစ်သည့်အတွက် တရုတ်ပြည်သူ့သမ္မနိုင်ငံသို့ ပြန်လည်ထွက်ခွာမည်ဖြစ်သဖြင့် ဂုဏ်ပြုနှုတ်ဆက်ခြင်းအခမ်းအနားကို ဧပြီ ၈ ရက်၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ တပေါင်းကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။
❝တာဝန်ပြီးဆုံး၍ နေရပ်ပြန်တော့မည့် တရုတ်နိုင်ငံ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့များအား တာဝန်ရှိသူများမှ ဂုဏ်ပြုနှုတ်ဆက်စကားပြောကြား❞
Apr 09 • 11:47 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 14 | 0 | 0 | 0 |


