ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ သည် ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာ အေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ် ပေါင်းလောင်းအားကစားကွင်းရှိ ယာယီဆေးရုံတွင် ကျန်းမာရေးဝန်ကြီးဌာနဆေးအဖွဲ့၊ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့မှ ဆေးအဖွဲ့နှင့် ဘူတန်နိုင်ငံ အရေးပေါ်ဆေးအဖွဲ့တို့ ပူးပေါင်း၍ ငလျင်ဘေးသင့်လူနာများအား ကျန်းမာရေးစောင့်ရှောက်မှုများ၊ ခွဲစိတ်ပေးနေမှုများကို လှည့်လည်ကြည့်ရှု၍ လိုအပ်ချက်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး လူနာများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားသည်။ ဘူတန်နိုင်ငံအရေးပေါ်ဆေးအဖွဲ့တွင် မြန်မာနိုင်ငံ ဆေးတက္ကသိုလ် (၁)၊ ရန်ကုန်တွင် ပညာသင်ကြားခဲ့ပြီး ဘူတန်နိုင်ငံတွင် တာဝန်ထမ်းဆောင်နေသော ဘူတန်လူမျိုးဆရာဝန်များ ပါဝင်ပြီး အဆိုပါဆရာဝန်နှင့် အဖွဲ့အား ပြည်ထောင်စုဝန်ကြီးသည် ရင်းနှီးစွာ တွေ့ဆုံအားပေးစကားပြောကြားသည်။ ပေါင်းလောင်းအားကစားကွင်းရှိ ယာယီဆေးရုံတွင် တစ်နေ့လျှင် ပြင်ပလူနာ ပျမ်းမျှ ၃၅၀ ကုသပေးလျက်ရှိသည်။
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပေါင်းလောင်းအားကစားကွင်းနှင့် ရွှေကြာပင်အားကစားကွင်းရှိ ယာယီဆေးရုံများသို့ သွားရောက်ကြည့်ရှုစစ်ဆေး
Apr 09 • 11:39 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 18 | 0 | 0 | 0 |


