ဘုတ်ပြင်းမြို့နယ်တွင် သီဟိုဠ်စေ့ ဈေးကောင်းရနေသော်လည်း အထွက်နည်းနေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။သီဟိုဠ်စေ့ဈေးနူန်းမှာ ယမန်နှစ်ထက် နှစ်ဆနီးပါးမြင့်တက်လာပြီး လက်ရှိတွင် သီဟိုဠ်စေ့တစ်ပိဿာလျှင် ကျပ်ခုနှစ်ထောင်ဝန်းကျင် ဈေးပေါက်နေသည်။သီဟိုဠ်စေ့ဈေးကောင်းရနေသော်လည်း ယခုနှစ် သီဟိုဠ်ပန်းပွင့်ရာသီတွင် ရာသီဥတုကြောင့် ပန်းပွင့်အကြွေများသဖြင့် အသီးထွက်နှုန်းနည်းရခြင်းဖြစ်ကြောင်း မနိုးရုံးကျေးရွာနေ တောင်သူတစ်ဦးက ဆိုသည်။



