မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် ငလျင်ဘေး၏နောက်ဆက်တွဲ ဆိုးကျိုးအနေဖြင့် ၂၀၂၅ ခုနှစ်တွင် အလုပ်လက်မဲ့နှုန်း ပိုမိုများပြားလာနိုင်ကြောင်းစီးပွားရေးပညာရှင်များက ပြောသည်။မြန်မာနိုင်ငံ၏ ဒုတိယစီးပွားရေး မြို့တော်ဖြစ်သည့် မန္တလေးမြို့သည် ငလျင်ဘေးကြောင့် နေရာအများစု ပျက်စီးခဲ့ ရသဖြင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းမှာ ကြာရှည်နိုင်သောကြောင့် အလုပ်လက်မဲ့နှုန်း တက်လာနိုင်ဖွယ် ရှိသည်ဟု စိုက်ပျိုးရေးနှင့်စီးပွါးရေးအကြံပေးက ပြောသည်။မြန်မာနိုင်ငံ၏ အလုပ်လက်မဲ့နှုန်းမှာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် ၁ ဒသမ ၃၃ ရာခိုင်နှုန်း၊ ၂၀၂၂ ခုနှစ်တွင် ၂ ဒသမ ၅၃ ရာ ခိုင်နှုန်းနှင့် ၂၀၂၃ ခုနှစ်တွင် ၃ ဒသမ ၆၉ ရာခိုင်နှုန်း ရှိကြောင်း နိုင်ငံတကာ အစီရင်ခံစာများတွင် ဖော်ပြ ထားကြသည်။



