ဧပြီလ ၉ ရက်၊ နံနက်ပိုင်းတွင် မန္တလေးငလျင်ကြီးကြောင့် စစ်ကိုင်း မြို့၊စစ်ကိုင်းတောင်ရိုးရှိ ဥမင်ကိုးဆယ်စေတီတော်ကြီးနှင့် သာသနိကအဆောက်အဦးများ ပြိုကျပျက်စီးနေမှုများအား သွားရောက်ကြည်ရှုစစ်ဆေးပြီး ပြန်လည်ရှင်းလင်းဖယ်ရှား ရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။ဆက်လက်၍ စစ်ကိုင်းမြို့၊ ရိုင်တန်းရပ်ကွက် ရှိ RC CHURCH ကျောင်းနှင့် မင်းလမ်းရပ်ကွက်ရှိ မြို့တော်ဗလီ၊ မိုးကျဗလီ ပြိုကျပျက်စီးနေမှုများနှင့် ပြန်လည်ရှင်းလင်းဖယ်ရှားနေမှုများအား လည်း ကောင်း၊ ချင်းစုရပ်ကွက်ရှိ အခြေခံပညာ အလယ် တန်း ကျောင်းနှင့်အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်းများရှိ စာသင် ကျောင်းဆောင်များ ပြိုကျပျက်စီးမှုများအား တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များ၊ မီးသက်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များမှ ပူးပေါင်း၍ ပြန်လည်ရှင်း လင်းဖယ်ရှားနေမှုများအား လည်းကောင်း သွားရောက်ကြည့်ရှုခဲ့ကြသည်။



