မြန်မာနိုင်ငံ ငလျင်တုံ့ပြန်ရေးအတွက် နိုင်ငံ ၁၃ နိုင်ငံက မြို့ပြရှာဖွေကယ်ဆယ်ရေးအဖွဲ့ ၃၀ ကျော် လာရောက်ကူညီခဲ့ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ပါတယ်။သူတို့ပြန်လည်ထွက်ခွာသွားကြပေမယ့် သူတို့ရဲ့ ကျွမ်းကျင်မှုတွေက ရှင်သန်နေသေးသူတွေရဲ့နေရာရှာဖွေကယ်ထုတ်ရေးနဲ့ ဘေးဒဏ်သင့်သူတွေရဲ့ ဒုက္ခအရောက်ဆုံး နာရီပိုင်းအတွင်း ကယ်ဆယ်ကူညီရေးတွေ အရေးပါခဲ့တယ်လို့ ဆိုပါတယ်။လူမှုဂရုဏာလုပ်သားတွေဟာ မြန်မာနိုင်ငံက ငလျင်ဘေးသင့်ပြီး ဒုက္ခရောက်ခဲ့ကြရတဲ့ လူဦးရေ ၁၆၅,၀၀၀ အတွက် အမိုးအကာ၊ ရေ၊ တစ်ကိုယ်ရည်သန့်ရှင်းရေး ပစ္စည်းစုံ၊ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ ရွေ့လျားကျန်းမာရေး ဝန်ဆောင်မှုတွေ ကူညီပေးအပ်ခဲ့ပါတယ်။
Apr 09 • 8:36 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 17 | 0 | 0 | 0 |


