ရန်ကုန်မြို့နှင့်အနီးပတ်ဝန်းကျင်မြို့နယ်များတွင် ယနေ့ ဧပြီ(၉) မွန်းလွဲပိုင်းအချိန်၌ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး မိုးကြိုးပစ်ခြင်း တစ်ကြိမ်ဖြစ်ပေါ်ခဲ့ပါတယ်။မိုးရွာသွန်းမှု မိုးရေပမာဏများပြားသည်ကို တွေ့ရှိရပြီး ၊ မိုးရွာသွန်းခြင်းနှင့်အတူ လေတိုက်ခတ်မှုများလည်းဖြစ်ပွားခဲ့သလိုမြောက်ဒဂုံမှာ မိုးရွာနေရင်းနဲ့ မိုးကြိုးပစ်တာ တစ်ကြိမ်ဖြစ်သွားတယ်၊ မိုးခြိမ်းတာမဟုတ်ဘူး၊ မိုးကြိုးပစ်သွားတာ"ဟု မြို့ခံတစ်ဦးက ပြောပါတယ်။ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကျဲကျဲနှင့် အခြားတိုင်းနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာသွန်းမည်ဖြစ်ကာ ရွာရန်ရာနှုန်း ၈၀ ဖြစ်သည်ဟု မိုး၊ဇလက အသိပေးထားပါတယ်။
ရန်ကုန်တွင် မိုးသည်းထန်စွာရွာသွန်းကာ မိုးကြိုးပစ်ခြင်း တစ်ကြိမ်ဖြစ်ပေါ်ဟု မိုးဇလမှထုတ်ပြန်
Apr 09 • 8:27 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
12 | 0 | 0 | 0 |