back

ပြည်တွင်းသယ်ယူပို့ဆောင်ရေးလမ်းကြောင်းများတွင် သွားလာမှုလွယ်ကူချောမွေ့စေရေး စီစဉ်ဆောင်ရွက်ထားရှိ

Apr 09 • 8:23 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ပြည်တွင်းသယ်ယူပို့ဆောင်ရေးလမ်းကြောင်းများတွင် သွားလာမှုလွယ်ကူချောမွေ့စေရေး စီစဉ်ဆောင်ရွက်ထားရှိ

ပြည်တွင်း၌ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူများသွားလာရေး အဆင်ပြေချောမွေ့စေရေးအတွက် လေကြောင်းပို့ဆောင်ရေးကဏ္ဍ၊ ရေကြောင်းပို့ဆောင်ရေးကဏ္ဍတို့မ...

ပြည်တွင်း၌ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူများသွားလာရေး အဆင်ပြေချောမွေ့စေရေးအတွက် လေကြောင်းပို့ဆောင်ရေးကဏ္ဍ၊ ရေကြောင်းပို့ဆောင်ရေးကဏ္ဍတို့မှ အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက်ပေးနေရာဧရာဝတီမြစ်ကူး ကူးတို့ခရီးလမ်းအနေဖြင့် မန္တလေးရွှေကြက်ယက်ဆိပ်ကမ်းနှင့် စစ်ကိုင်းဆိပ်ကမ်းတို့အကြား ပုဂ္ဂလိကပိုင်ရေယာဉ်၊ တွဲရေယာဉ်များဖြင့် ကုန်တင်မော်တော်ယာဉ်ကြီးများအား မတ် ၃၁ ရက်မှစတင်၍ ပို့ဆောင်ပေးလျက်ရှိရာ ယနေ့ ဧပြီ ၈ ရက်အထိ ကုန်တင်ယာဉ် ၁၃၂၃ စီး၊ လူစီးမော်တော်ယာဉ်ငယ် ၇၂၃ စီးတို့ကို သယ်ယူပို့ဆောင်ပေးနိုင်ခဲ့ကာ ယနေ့ သယ်ယူပို့ဆောင်ပေးသည့် ကုန်တင်ယာဉ်များအနက် ကယ်ဆယ်ရေးပစ္စည်းတင် ကုန်တင်ယာဉ်ငါးစီးကို အခမဲ့သယ်ဆောင်ပေးခဲ့ပါတယ်။နိုင်ငံတကာမှ လေယာဉ်များဖြင့် လာရောက်ပို့ဆောင်သည့် ကယ်ဆယ်ရေးပစ္စည်းများ၊ ရိက္ခာနှင့်ဆေးဝါးများ၊ ကယ်ဆယ်ရေးအဖွဲ့များကို ရန်ကုန်အပြည်ပြည်ဆိုင်လေဆိပ်၊ နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်များသို့ မတ် ၂၉ ရက်မှစတင်၍ နေ့စဉ်ဆင်းသက်လျက်ရှိရာ ယနေ့အထိ စုစုပေါင်းလေယာဉ် ၉၇ စင်း ဆင်းသက်ခဲ့ပြီး ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်း ၁၆၀၆ ဒသမ ၂၈၂ တန် ရောက်ရှိပြီးဖြစ်ကာမြေငလျင်လှုပ်ရှားမှုဖြစ်ပွားပြီးနောက် ပြည်တွင်းလေယာဉ်ခရီးစဉ်များ ယာယီရပ်ဆိုင်းခဲ့သည့် မန္တလေးလေဆိပ်နှင့် နေပြည်တော်လေဆိပ်များသို့ ပြည်တွင်းခရီးစဉ်များအား ဧပြီ ၄ ရက်မှစ၍ ပြန်လည်ပြေးဆွဲလျက်ရှိရာ မြန်မာအမျိုးသားလေကြောင်း၊ မန်းရတနာပုံလေကြောင်း၊ မင်္ဂလာလေကြောင်း၊ အဲယားသံလွင်လေကြောင်းလိုင်းတို့မှ ဧပြီ ၈ ရက်အထိ လေယာဉ်ခရီးစဉ် စုစုပေါင်း ၆၇ ခေါက် ပြေးဆွဲပေးနိုင်ခဲ့သည့်အတွက် ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာလျက်ရှိပါတယ်။





news-view-count-icon

21