back

ပြည်တွင်းငလျင်ကြောင့်အက်ကွဲခဲ့သောဧရာဝတီမြစ်ကူးတံတား(ရတနာပုံ) တံတားနှင့်ချဉ်းကပ်လမ်းများကြံ့ခိုင်မှုစစ်ဆေးနေ

Apr 09 • 8:11 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ပြည်တွင်းငလျင်ကြောင့်အက်ကွဲခဲ့သောဧရာဝတီမြစ်ကူးတံတား(ရတနာပုံ) တံတားနှင့်ချဉ်းကပ်လမ်းများကြံ့ခိုင်မှုစစ်ဆေးနေ

ငလျင်လှုပ်ခတ်မှုကြောင့် ဧရာဝတီမြစ်ကူးတံတား(ရတနာပုံ) တံတားကြီးနှင့် ချဉ်းကပ်လမ်းများ အက်ကွဲမှုများဖြစ်ပွားခဲ့ရာ ကြံ့ခိုင်မှုများစစ်ဆေးထားကြောင်း သိရပါတယ်။စစ်ဆေးန...

ငလျင်လှုပ်ခတ်မှုကြောင့် ဧရာဝတီမြစ်ကူးတံတား(ရတနာပုံ) တံတားကြီးနှင့် ချဉ်းကပ်လမ်းများ အက်ကွဲမှုများဖြစ်ပွားခဲ့ရာ ကြံ့ခိုင်မှုများစစ်ဆေးထားကြောင်း သိရပါတယ်။စစ်ဆေးနေစဉ်ကာလအတွင်း တံတားကြီးပေါ်သို့ ခရီးသည်တင်မော်တော်ယာဉ်များ၊ အိမ်စီးမော်တော်ယာဉ်များနှင့် မော် တော်ဆိုင်ကယ်များသာ ဖြတ်သန်းသွားလာခွင့်ပြုပေးခဲ့ပြီး ကုန်တင်ယာဉ်ကြီးများနှင့် စက်သုံးဆီ တွဲကားများ ဖြတ်သ န်းသွားလာမှု အဆင်ပြေစေရန်အတွက် စစ်ကိုင်းမြို့၊ သစ်ဆိပ်မြစ်ကမ်းမှ မန္တလေးမြို့၊ ရွှေကြက်ကျမြစ်ကမ်းသို့ ဇက်ကူတို့ဖြင့် သယ်ယူပို့ဆောင်ပေးခဲ့ကာကုန်တင်ယာဉ်ကြီးများနှင့် တွဲကားကြီးများပို့ဆောင်ရာတွင် အချိန် နှင့်တစ်ပြေးညီ နှောင့်နှေးကြန့်ကြာမှု မရှိစေရေး၊ လ မ်းများပေါ်တွင် ယဉ်ကြောပိတ်ဆို့မှု များမဖြစ်စေရေးနှင့် ဆောင်ရွက်နေသည့် လုပ်ငန်းများအပေါ် အန္တရာယ်ကင်းစွာ ပူးပေါင်း ဆောင်ရွက်သွားရေးများအလေးထားဆောင်ရွက်လျက်ရှိပါတယ်။





news-view-count-icon

23