back

တနိုင်းလီဒိုလမ်းမပေါ်ရှိ ကျေးရွာ ၄ ရွာက ဒုက္ခသည်များ နေရာထိုင်ခင်း နဲ့ စားနပ်ရိက္ခာများအခက်ကြုံနေ

Apr 09 • 8:06 AM

breaking-news

မြန်မာ

ကချင်

breaking-news
cover

တနိုင်းလီဒိုလမ်းမပေါ်ရှိ ကျေးရွာ ၄ ရွာက ဒုက္ခသည်များ နေရာထိုင်ခင်း နဲ့ စားနပ်ရိက္ခာများအခက်ကြုံနေ

ကချင်ပြည်နယ် တနိုင်းလီဒိုလမ်းမပေါ်ရှိ ဝါရာဇွပ် နဲ့ လဝါးကျေးရွာအနီး နေထိုင်သည့်ဒေသခံများဟာနေရာထိုင်ခင်းနဲ့စားနပ်ရိက္ခာအခက်ကြုံနေတယ်လို့ သိရပါတယ်။ ဝါရာဇွပ်ဒေသခံ...

ကချင်ပြည်နယ် တနိုင်းလီဒိုလမ်းမပေါ်ရှိ ဝါရာဇွပ် နဲ့ လဝါးကျေးရွာအနီး နေထိုင်သည့်ဒေသခံများဟာနေရာထိုင်ခင်းနဲ့စားနပ်ရိက္ခာအခက်ကြုံနေတယ်လို့ သိရပါတယ်။ ဝါရာဇွပ်ဒေသခံတွေအပါအဝင် ကွမ်စိုင်ယန်၊ ဒွမ်ဘန်၊ လဝါးစတဲ့ကျေးရွာတွေထဲက ဒေသခံပြည်သူအများပိုင်း‌ တောမှာ ကတုတ်ကျင်းတူးပြီး မိုးကာတဲတွေနဲ့ တိမ်းရှောင်နေသူတွေရှိသလို နမ္မတီးမြို့ပေါ် ရှိ လမ်းခွ၊ ကံလှ၊ ဝအောင် ကျေးရွာ တိမ်းရှောင်ခိုလှုံနေကြတဲ့အတွက် နေရာထိုင်ခင်းနဲ့စားနပ်ရိက္ခာ အခက်ကြုံနေကြတယ်လို့ ကူညီနေသူတွေထံကနေ သိရပါတယ်။


news-view-count-icon

21