ပြည်တွင်း၌ငလျင်ဒဏ်ကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရသော မိသားစုများအထူးသဖြင့် ကလေးများနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် ခြင်ပေါများသောနေရာများ၊ အမိုးအကာမရှိသည့်နေရာများတွင် အိပ်စက်နေရသောကြောင့် သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ခံရနိုင်ခြေ ပိုများလာပြီး ဒေသခံ ကျန်းမာရေးမိတ်ဖက်များနှင့်အတူ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သည် ကူးစက်ထိခိုက်လွယ်သူများကို ကာကွယ်ပေးနိုင်ရန် သွေးလွန်တုပ်ကွေး စစ်ဆေးသည့်ပစ္စည်းများနှင့် စောလျင်စွာ ပြုစုစောင့်ရှောက်မှုများကို ပံ့ပိုးပေးလျက်ရှိပြီးပြန်လည်ထူထောင်ရေးကာလတွင် ထိခိုက်ဒဏ်ရာများကို ကုသခြင်းသာမက နောက်ထပ်ရောဂါကူးစက်မှုများကို ဖြစ်မလာစေရန် ကာကွယ်ခြင်းသည်လည်း အင်မတန်အရေးကြီးပါသည်ဟု WHO Myanmar မှ အသိပေးထုတ်ပြန်ထားပါတယ်။
မြေငလျင်ဒဏ်အပြီး ပြန်လည်ထူထောင်ရေးကာလတွင် ခြင်ကြောင့်ဖြစ်ပေါ်လာနိုင်သည့် သွေးလွန်တုပ်ကွေး အန္တရာယ်အကြောင်းWHO Myanmar မှဖော်ပြ
Apr 09 • 5:04 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 23 | 0 | 0 | 0 |


