ငလျင်ဘေးအလှူမှပြန်လာသည့် ခရီးသည်အမျိုးသမီးကို ကာယိန္ဒြေပျက်အောင်ကျူးလွန်သော JJ ယာဉ်လိုင်းမှစပယ်ယာကို အလုပ်ထုတ်၍ ရဲလက်အပ်ထားကြောင်း JJ Express မှ ထုတ်ပြန်ထားခြင်းဖြစ်သလိုထိုဖြစ်စဉ်မှာ ဧပြီ ၆ ရက်ကကြုံရခြင်းဖြစ်ပြီး အင်းလေးဒေသဘက်ရှိ ငလျင်ဘေးသင့်ရာဒေသများသို့ သွားရောက်လှူဒါန်းပြီး JJ Express ဖြင့် ရန်ကုန်သို့ပြန်လာသော မိတ်ကပ်-SORA၏ ဝန်ထမ်းအမျိုးသမီးတစ်ဦးကို စပယ်ယာဖြစ်သူက ကာယိန္ဒြေပျက်အောင် ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု ဆိုထားကြပါတယ်။ယခုအခါ ထိုဝန်ထမ်းကို တာဝန်မှ ရပ်ဆိုင်းပြီး ဥပဒေကြောင်းအရအရေးယူနိုင်ရန် သက်ဆိုင်ရာရဲစခန်းသို့ အပ်နှံဆောင်ရွက် လျက်ရှိကြောင်း၊ ထိုကဲ့သို့သော ဝန်ထမ်းတစ်ဦးကြောင့် ခရီးသွား မိဘပြည်သူများ အထိတ်တလန့်ဖြစ်ရစေခြင်း၊ စိုးရိမ်သောက ဖြစ်ရစေခြင်းတို့အတွက် လွန်စွာ စိတ်မကောင်းဖြစ်ရကြောင်း၊ နောက်နောင်တွင် ယခုကဲ့သို့ စိတ်အနှောင့်အယှက်ဖြစ်စေမည့် ကိစ္စရပ်များ မဖြစ်စေရေးအတွက် ယခုထက်ပိုမို ဂရုစိုက်တာဝန်ယူ လုပ်ဆောင်မည့်အကြောင်း အသိပေးအပ်ပါသည် ဟူ၍လည်း ယင်းထုတ်ပြန်ချက်အတွင်း တောင်းပန်ကာ ဖော်ပြခဲ့ကြောင်း သိရသည်။ထိုဖြစ်ရပ်မှ ကျူးလွန်သူ ယာဉ်နောက်လိုက်မှာ ဝေဇင်ထွန်း (အဘ -ဦးမျိုးမြင့်) ဆိုသူ ဖြစ်ပြီး ယာဉ်လိုင်းကုမ္ပဏီတွင် ယာဥ်နောက်လိုက်ရာထူးဖြင့် အမြဲတမ်းဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်သူဖြစ်ကြောင်း သိရပါတယ်။



