လီဗာပူးလ်အသင်းသည် လာမည့်ရာသီတွင် အသင်း၏ ခံစစ်ဘယ်ခြမ်းကို အားဖြည့်ရန်အတွက် ဘုန်းမောက်အသင်း၏ ဟန်ဂေရီလက်ရွေးစင်ကစားသမား မီလို့စ်ကာကက်ဇ်နှင့် ဖူလ်ဟမ်အသင်း၏ အမေရိကန်လက်ရွေးစင်ကစားသမား အန်တိုနီရော်ဘင်ဆင်တို့အား ချိတ်ဆက်လျက်ရှိကြောင်း သိရှိရသည်။ဘုန်းမောက်အသင်းသည် မီလို့စ်ကာကက်ဇ်အား ၂၀၂၃-၂၄ ရာသီအစကမှ နယ်သာလန်ကလပ် အယ်လ်ခမာအသင်းထံမှ ခေါ်ယူထားခြင်းဖြစ်ပြီး ထိုအချိန်က ယူရို (၁၅) သန်းသာပေးချေခဲ့ရသည်။အယ်လ်ခမာအသင်းမှာလည်း အေစီမီလန် ယူ-၁၉ အသင်းမှ ယူရို (၃) သိန်းဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။



