ဧပြီလ၈ရက်မနေ့ညက ကစားခဲ့တဲ့ Rajadamnern Knockout ပြိုင်ပွဲမှာ မြန်မာကိုယ်စားပြုဖိုက်တာလေး ဖြိုးဝေအောင်က ထိုင်းဖိုက်တာကို ဒုတိယအချီမှာပဲ လက်ဒဏ်ရာရပြီး အရှုံးပေးလိုက်ရပါတယ်။ဒါပေမဲ့ အဲ့ဒီပွဲမှာရခဲ့တဲ့ ထိုးကြေးထဲက တစ်ဝက်တိတိကိုတော့ ငလျင်ဘေးအတွက်လှူဒါန်းသွားခဲ့တာလည်းဖြစ်ပါတယ်။ဖိုက်တာဖြိုးဝေအောင်ဟာ ထိုင်းအပျော်တန်းကလပ်လေးတစ်ခုမှာ လေ့ကျင့်နေသူဖြစ်ပြီး စားသောက်ဆိုင်စာဖိုမှူးအလုပ်ကိုလည်း တစ်ဖက်တစ်လမ်းကလုပ်ကိုင်နေသူဖြစ်ပါတယ်။
ထိုင်းရောက် မြန်မာဖိုက်တာလေး ဖြိုးဝေအောင်က လက်ဒဏ်ရာရခဲ့ပေမယ့် ထိုးကြေးတွေကို မြန်မာ့ငလျင်ဘေးအတွက် လှူဒါန်းသွားခဲ့
Apr 09 • 3:57 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 27 | 0 | 0 | 0 |


