နိုင်ငံတကာ အာကာသစခန်းသို့ သွားရောက်မည့် အမေရိကန် အာကာသယာဉ်မှူးတစ်ဦးနှင့် ရုရှားအာကာသယာဉ်မှူးနှစ်ဦးကို တင်ဆောင်သွားသော ရုရှား ဆိုယုဇ်ဒုံးပျံကို ကာဇက်စတန်ရှိ Baikonur လွှတ်တင်ရေးစခန်းမှ ဧပြီ၈ရက်နေ့တွင် လွှတ်တင်ခဲ့သည်ဟု ရုရှားနိုင်ငံ၏ Roscosmos အာကာသအေဂျင်စီက ပြောကြားခဲ့သည်။ ဆိုယုဇ် MS-27 အာကာသယာဉ်သည် ရုရှားနိုင်ငံသား ဆာဂီ ရိုင်ဇီကော့ဗ် နှင့် အလက်စီ ဇူဘရစ်စကီနှင့် နာဆာအကာသယာဉ်မှူး ဂျိုနသန်ကင်မ်တို့ကို တင်ဆောင်သွားခဲ့ခြင်းဖြစ်သည်။



