ရုရှားတပ်ဖွဲ့ဝင်များနှင့်အတူ တိုက်ပွဲဝင်နေသည့် တရုတ်နိုင်ငံသားနှစ်ယောက်ကို ယူကရိန်းတပ်ဖွဲ့များက ဖမ်းဆီးရမိခဲ့ကြောင်း ယူကရိန်းသမ္မတက ဧပြီ ၈ ရက်တွင် ပြောကြားလိုက်သည်။ ယင်းကိစ္စနှင့် ပတ်သက်၍ တရုတ်အစိုးရက ဖြေရှင်းချက်ပေးရန်နှင့် ယူကရိန်း၏ မဟာမိတ်များအနေဖြင့် တုံ့ပြန်အရေးယူကြရန် တောင်းဆိုသွားမည်ဖြစ်ကြောင်း ထပ်မံပြောကြားခဲ့သည်။



