ဂျပန်နိုင်ငံ၏ နျူကလီးယားရေဆိုးစွန့်ပစ်မှုအပေါ် ဆန့်ကျင်သည့် တရုတ်နိုင်ငံ၏ ရပ်တည်ချက်မှာ မည်သည့်အခါမျှ ပြောင်းလဲမှုမရှိကြောင်း၊ ပင်လယ်ပြင်သို့ ရေဆိုးစွန့်ပစ်မှုကို နိုင်ငံတကာ စောင့်ကြပ်စစ်ဆေးစမ်းသပ်မှုအောက်တွင် အာမခံဆောင်ရွက်နိုင်ရန် ဂျပန်နိုင်ငံအနေဖြင့် ကတိကဝတ်များကို လက်တွေ့ဖော်ဆောင်ရန် နိုင်ငံတကာအသိုက်အဝန်းနှင့် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) စသည့် သက်ဆိုင်ရာ ကျွမ်းကျင်အဖွဲ့အစည်းများနှင့် အတူဆက်လက်၍ တိုက်တွန်းသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်က ဧပြီ ၇ ရက်တွင် ပြောကြားခဲ့သည်။



