back

ပြည်တွင်းမှ ပြည်ပဆန်တင်ပို့မှု လျာထားချက် မပြည့်မီ – ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် စာရင်းထုတ်ပြန်

Apr 09 • 1:20 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်တွင်းမှ ပြည်ပဆန်တင်ပို့မှု လျာထားချက် မပြည့်မီ – ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် စာရင်းထုတ်ပြန်

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တင်ပို့မှုသည် လျာထားချက် ၂.၅ သန်းထဲမှ ၂.၄၈၇ သန်းသာ တင်ပို့နိုင်ခဲ့ပြီး လျာထားချက်၏ ၉၉ ရာခိုင်နှုန်းမျှသာ ပြည့...

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တင်ပို့မှုသည် လျာထားချက် ၂.၅ သန်းထဲမှ ၂.၄၈၇ သန်းသာ တင်ပို့နိုင်ခဲ့ပြီး လျာထားချက်၏ ၉၉ ရာခိုင်နှုန်းမျှသာ ပြည့်မီခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထုတ်ပြန်သည့် စာရင်းအရ သိရသည်။ လစဉ်ပျမ်းမျှ တန်ချိန်နှစ်သိန်းတင်ပို့ရန် ရည်မှန်းထားသော်လည်း တချို့လများတွင် တန်ချိန်တစ်သိန်းအောက်သာ တင်ပို့နိုင်ခဲ့ခြင်းကြောင့် လုပ်ငန်းစဉ်တွင် အနှောင့်အယှက်ဖြစ်ခဲ့ကြောင်း ဖော်ပြထားသည်။ ထို့အပြင် တင်ပို့မှုမှတဆင့် ဝင်ငွေ အမေရိကန်ဒေါ်လာ ၁.၁၂၉ ဘီလီယံရရှိခဲ့သည်ဟုလည်း ဖော်ပြသည်။


news-view-count-icon

12