back

အကြိမ်(၁၀၀)မြောက် TOPIK စာမေးပွဲ (မန္တလေး) ငလျင်ကြောင့် ဖျက်သိမ်း

Apr 09 • 1:03 AM

breaking-news

မြန်မာ

မန္တလေး

cover

အကြိမ်(၁၀၀)မြောက် TOPIK စာမေးပွဲ (မန္တလေး) ငလျင်ကြောင့် ဖျက်သိမ်း

၂၀၂၅ မေလ ၁၁ ရက်တွင် မန္တလေး နိုင်ငံခြားဘာသာတက္ကသိုလ်၌ ကျင်းပရန်စီစဉ်ထားသည့် အကြိမ်(၁၀၀)မြောက် ကိုရီးယားဘာသာစကားကျွမ်းကျင်မှုစာမေးပွဲ (TOPIK) ကို မတ်လ ၂၈ ရက်က စစ...

၂၀၂၅ မေလ ၁၁ ရက်တွင် မန္တလေး နိုင်ငံခြားဘာသာတက္ကသိုလ်၌ ကျင်းပရန်စီစဉ်ထားသည့် အကြိမ်(၁၀၀)မြောက် ကိုရီးယားဘာသာစကားကျွမ်းကျင်မှုစာမေးပွဲ (TOPIK) ကို မတ်လ ၂၈ ရက်က စစ်ကိုင်းကို ဗဟိုပြု၍ ဖြစ်ပွားခဲ့သည့် ပြင်းအားမြင့်ငလျင်ကြောင့် လုံခြုံရေးအရ ဖျက်သိမ်းလိုက်ကြောင်း ကိုရီးယားသံရုံးက ဧပြီ ၈ ရက်နေ့တွင် ကြေညာသည်။ မန္တလေးတွင် ငလျင်နောက်ဆက်တွဲများဖြစ်နေသဖြင့် စာမေးပွဲဖြေသူများ၏ လုံခြုံရေးကိုထောက်ထားကာ အဆိုပါဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်သည်။ မန္တလေးတွင်စာမေးပွဲအတွက် အခကြေးငွေ ပေးသွင်းထားသူများကို ပြန်အမ်းပေးမည်ဖြစ်ပြီး ရန်ကုန်၌ အောက်တိုဘာ သို့မဟုတ် နိုဝင်ဘာလတွင် ကျင်းပမည့်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုခွင့်ပြုမည်ဖြစ်ကြောင်းလည်း သံရုံးက ထုတ်ပြန်ထားသည်။


news-view-count-icon

14