စစ်ကိုင်းငလျင်ကြောင့် ပျောက်ဆုံးသူများအကြောင်း စိုးရိမ်နေသော မိသားစုဝင်များက ဗေဒင်နှင့် အကြားအမြင်ဆရာများထံ သွားရောက်မေးမြန်းခဲ့ရာ တချို့ခန့်မှန်းချက်များသည် တက်တက်စင်အောင်လွဲခြင်းများ ဖြစ်လာခဲ့ကြောင်း သိရသည်။ အသက်ရှင်နိုင်ကြောင်းပြောကြားမှုများနှင့် မတူသည့် သဂြိုဟ်အဆင်သင့်ဖြစ်နေမှုများကြောင့် စိတ်ဒဏ်ရာရသူများရှိနေသလို၊ ငလျင်ကြိုတင်ခန့်မှန်းချက်များအပေါ်လည်း ဝေဖန်မှုများ ပေါ်ထွက်လာခဲ့သည်။



