ပဲခူးတိုင်းဒေသကြီးအတွင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသေဆုံးမှုအနေဖြင့် ကနဦးစာရင်းများအရ ဘုရားစေတီ ၇၁ ဆူ၊ ဘုန်းတော်ကြီးကျောင်း ၁၈၆ ကျောင်း၊ စာသင်ကျောင်း ၉၂ ကျောင်း၊ အခြားဘာသာရေးကျောင်း ၁၅ ကျောင်း၊ ဌာနဆိုင်ရာ အဆောက်အဦ ၂၀၀၊ အခြားအဆောက်အဦ ၂၈၉ ခု၊ လူနေအဆောက်အဦ ၁၇၃၆ လုံးနှင့် လမ်းတံတား အချို့ ထိခိုက်ပျက်စီးခဲ့ပြီး သေဆုံးသူ ၄၄ ဦးနှင့် ဒဏ်ရာရရှိသူ ၂၃၄ ဦးရှိကြောင်း သိရသည်။



