ဂီတလမ်းကြောင်းပေါ်မှာ နှုတ်ခမ်းနီမလေးတွေအပြင် ကြီးကြီး ငယ်ငယ် မမတွေ ကြိုက်နှစ်သက်အားပေးခဲ့ကြတဲ့ အဆိုတော် သရုပ်ဆောင် အကယ်ဒမီ စိုင်းစိုင်းခမ်းလှိုင်ရဲ့ ဧပြီလ ၁၀ ရက်မှာ ကျင်းပမယ့် Sai Sai Live in Yangon Birthday Show ပွဲကို ရပ်ဆိုင်းလိုက်တယ်လို့ ပြောလာပါတယ်။သူဟာတော့ ၄ နှစ်တာ ရပ်ဆိုင်းထားတဲ့ Birthday Show ကိုတော့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ ပြန်လည်ကျင်းပတာဖြစ်ပါတယ်။ ယခု ၂၀၂၅ ခုနှစ် ဧပြီ ၁၀ ရက်မှာ ကျင်းပမယ့် ရန်ကုန်က Birthday Show ပွဲကိုပြည်တွင်းငလျင်ဒဏ်သင့်ခဲ့မှုကို ခံစားခဲ့ရတဲ့လူတွေအစား လူသားချင်းစာနာမှုတစ်ခုအဖြစ်ရပ်ဆိုင်းလိုက်တာလည်းဖြစ်ပါတယ်။
အဆိုတော်စိုင်းစိုင်းခမ်းလှိုင်ဟာ ဧပြီလ ၁၀ ရက်မှာ ကျင်းပမယ့် Sai Sai Live in Yangon Birthday Show ပွဲကို ရပ်ဆိုင်းခဲ့
Apr 08 • 6:48 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 20 | 0 | 0 | 0 |


