ဥရောပရဂ်ဘီချန်ပီယံရှစ်တံခွန်စိုက်ပြိုင်ပွဲအဖြစ် ပြင်သစ်ကလပ် တူးလောစ့်အသင်းနဲ့ အင်္ဂလန်ကလပ် ဆေးလ်းရှက် အသင်းတို့ရဲ့ပွဲစဉ်အတွင်း လူတစ်ဦးဟာ လေထီးနဲ့ဆင်းသက်စဉ်အတွင်း ထိန်းချုပ်မှုကင်းလွတ်ကာ အားကစားကွင်းရဲ့ ခေါင်မိုးမှာချိတ်မိနေခဲ့တာကြောင့် ၎င်းကို ကယ်တင်ခဲ့ရပြီး ပြိုင်ပွဲကို မိနစ် ၄၀ နောက်ကျမှ စတင်ခဲ့ရကြောင်းသိရ ပါတယ်။



