ဖော်မြူလာဝမ်းပြိုင်ပွဲဖြစ်တဲ့ ဂျပန်ဂရင်းပရီပွဲစဉ်မစတင်မီ ပြိုင်ပွဲကျင်းပတဲ့နိုင်ငံရဲ့နိုင်ငံတော်သီချင်းသီဆိုတဲ့အခမ်း အနားကို နောက်ကျမှတက်ရောက်ခဲ့တဲ့ ဝီလီယံအသင်းရဲ့ပြိုင်ကားမောင်းသမားဖြစ်သူ ကားလိုစ့် စိန့် ကို FIA က ဒဏ်ငွေ ယူရို ၂ သောင်းဒဏ်ရိုက်ခဲ့ကြောင်းသိရပါတယ်။ ကားလို့စိန့်အနေနဲ့ အဆိုပါပြိုင်ပွဲမစတင်မီ အစာအိမ်ရောဂါပြဿနာ ကြောင့် တက်ရောက်ဖို့နှောင့်နှေးခဲ့ရတာဖြစ်ကြောင်းအသင်းကထုတ်ပြန်ခဲ့ပါတယ်။



