မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ အင်းဝတွင် ဧပြီလ (၅)ရက်နေ့က ငလျင်ကြောင့်ထိခိုက်ခံစားရသူများထံသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းရဲ့ မိသားစုပြန်လည်ဆက်သွယ်ပေးရေးလုပ်ငန်းအကြောင်းကို မန္တလေးမြို့သို့ ရောက်ရှိနေသည့် ဧရာဝတီတိုင်းဒေသကြီးမှ ကြက်ခြေနီစေတနာလုပ်အားရှင်များ( Deploy Team) ကသွားရောက်မျှဝေခဲ့ပြီးပဏာမကျန်းမာရေးစောင့်ရှောက်မှု၊ ရွေ့လျားဆေးကုသခန်း(Mobile Clinic) ကိုလည်းဖွင့်လှစ်ခဲ့ကာ လူဦးရေ (၁၃၀) ဝန်းကျင်ကို ပဏာမကျန်းမာရေးစောင့်ရှောက်မှုပေးအပ်နိုင်ခဲ့ပါတယ်။



