back

အမေရိကန်‌ဆေးအဖွဲ့မှ မြန်မာ့ငလျင်ဘေးသင့်‌ဒေသရှိ အရိုးလူနာများကိုခွဲစိတ်ကုသပေး

Apr 08 • 3:34 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

အမေရိကန်‌ဆေးအဖွဲ့မှ မြန်မာ့ငလျင်ဘေးသင့်‌ဒေသရှိ အရိုးလူနာများကိုခွဲစိတ်ကုသပေး

အမေရိကန်‌ဆေးအဖွဲ့မှ မြန်မာ ငလျင်ဘေးသင့်အရိုးလူနာ (၄)ဦးကိုခွဲစိတ်ကုသပေးခဲ့သလို လာအိုဆေးအဖွဲ့ကလည်း ဆေးကုသပေးနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှ သိရကာအမေရိကန်ပြည်ထောင...

အမေရိကန်‌ဆေးအဖွဲ့မှ မြန်မာ ငလျင်ဘေးသင့်အရိုးလူနာ (၄)ဦးကိုခွဲစိတ်ကုသပေးခဲ့သလို လာအိုဆေးအဖွဲ့ကလည်း ဆေးကုသပေးနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှ သိရကာအမေရိကန်ပြည်ထောင်စု၊ Samaritan's Purse Medical Team ဟာ ရွှေကြာပင် ဘောလုံးကွင်းနဲ့ အားကစားရုံမှာဖွင့်လှစ်ထားသော ယာယီဆေးရုံမှာ ဧပြီလ (၇)ရက်မှာ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ကျန်းမာရေးဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော ငလျင်ဘေးအရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေကို လာအိုနိုင်ငံမှ အရေးပေါ်ဆေးအဖွဲ့ဟာ မန္တလေး တိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ ပြည်သူ့ဆေးရုံကြီးမှာ အခြေပြုပြီး ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ဧပြီ(၇)ရက် မှာလည်း ငလျင်ကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူတွေအား ကုသပေးနေမှုကို ကျန်းမာရေးဝန်ထမ်းတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်လျက် ရှိတယ်လို့ သိရပါတယ်။

news-view-count-icon

18