back

ပြည်တွင်းထူးခြားရပ်ကွက်ဈေးသတင်းများ

Apr 08 • 3:27 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်တွင်းထူးခြားရပ်ကွက်ဈေးသတင်းများ

ရန်ကုန်ရှိ ရပ်ကွက်ဈေးများတွင် ဟင်းသီးဟင်းရွက်အချို့ဈေးမြင့်တက်လာမှုတွေ့ရသည်။ ခရမ်းချဉ်သီးတစ်ဆယ်သား ၅၀၀ ကျပ်၊ တစ်ပိဿာ ၅၀၀၀ ကျပ်အထိ မြင့်တက်လာပြီး မန်ကျည်းရွက် ၂၅...

ရန်ကုန်ရှိ ရပ်ကွက်ဈေးများတွင် ဟင်းသီးဟင်းရွက်အချို့ဈေးမြင့်တက်လာမှုတွေ့ရသည်။ ခရမ်းချဉ်သီးတစ်ဆယ်သား ၅၀၀ ကျပ်၊ တစ်ပိဿာ ၅၀၀၀ ကျပ်အထိ မြင့်တက်လာပြီး မန်ကျည်းရွက် ၂၅၀၀ ကျပ်၊ ရွှေပဲ ၁၅၀၀ ကျပ်တန်ဖြစ်နေသည်။ တခြားပစ္စည်းများမှာ ပဲသီး ၁၀၀၀ ကျပ်၊ မုန်လာဥနီ ၇၀၀ ကျပ်၊ မုန်ညှင်းဖြူနှင့်ကင်မွန်းချဉ်ရွက်သည် တစ်စည်း ၅၀၀ ကျပ်ဖြင့် ရရှိနိုင်သေးသည်။ဒန့်ဒလွန်သီး (၃) တောင့် ၅၀၀ ကျပ်၊ ကိုက်လန် ၈၀၀-၁၀၀၀ ကျပ်၊ တရုတ်ကန်စွန်း ၆၀၀-၇၀၀ ကျပ်၊ ချဉ်ပေါင်နှင့်သခွားသီးတို့မှာ ၂၀၀ ကျပ်သာဖြစ်ပြီး၊ ဟင်းနုနွယ် ၂၅၀ ကျပ်၊ ခရမ်းသီး ၂၅၀ ကျပ်ဖြင့် ဈေးချိုသေးသည်။ထို့ပြင် ဇရစ်ရိုးနု ၈၀၀ ကျပ်၊ မာလာဖူး ၁၀၀၀ ကျပ်၊ ဘူးညွန့် ၅၀၀ ကျပ်၊ ဖရုံညွန့် ၁၀၀၀ ကျပ်၊ ပိန္နဲကွင်း ၅၀၀ ကျပ်၊ ခရမ်းကဆော့သီး ၅၀၀ ကျပ်ဈေးဖြင့် ရောင်းချလျက်ရှိသည်။


news-view-count-icon

9