ဟောင်ကောင်အလံတင် လေကြောင်းလိုင်း Cathay Pacific Airways သည် ၎င်း၏ လေယာဉ်မှူးများနှင့် လေယာဉ်အမှုထမ်းများအား လေယာဉ်ပေါ်တွင် ပါဝါဘဏ်များ သယ်ဆောင်ခြင်းမပြုရန် တနင်္လာနေ့ (ဧပြီ ၇)မှ စ၍ တားမြစ်သဖြင့် ခရီးသည်များထက် ၂ ဆတိုး တင်းကျပ်သည့်အပေါ် မကျေမနပ် ပြောဆိုမှုများ ထွက်ပေါ်နေသည်။"ခရီးသည်တွေကိုတော့ သူတို့ရဲ့ ပါဝါဘဏ်တွေကို လေယာဉ်ပေါ် သယ်ခွင့်ပြုထားပေမဲ့ လေယာဉ်အမှုထမ်းတွေကို ကျတော့ မသယ်ရဘူးလို့ တားမြစ်ထားတဲ့အခါ ဘာလို့ ကျွန်တော်တို့ကို နှစ်ဆတိုး တင်းကျပ်ရသလဲ ဆိုတာကို ကျွန်တော်တို့ နားမလည်ဘူး"ဟု လေကြောင်းလိုင်း ဝန်ထမ်းသမဂ္ဂ Flight Attendants Union ၏ ဒုဥက္ကဋ္ဌ Brenda Cheng က ပြောကြားခဲ့သည်။



