back

ဟောင်ကောင်လေကြောင်းလိုင်း Cathay Pacific Airways သည်၎င်း၏လေယာဉ်အမှုထမ်းများအားခရီးသည်များထက် ၂ ဆတိုး တင်းကျပ်သည့်အပေါ် မကျေမနပ် ပြောဆိုမှုများ ထွက်ပေါ်

Apr 08 • 1:42 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဟောင်ကောင်လေကြောင်းလိုင်း Cathay Pacific Airways သည်၎င်း၏လေယာဉ်အမှုထမ်းများအားခရီးသည်များထက် ၂ ဆတိုး တင်းကျပ်သည့်အပေါ် မကျေမနပ် ပြောဆိုမှုများ ထွက်ပေါ်

ဟောင်ကောင်အလံတင် လေကြောင်းလိုင်း Cathay Pacific Airways သည် ၎င်း၏ လေယာဉ်မှူးများနှင့် လေယာဉ်အမှုထမ်းများအား လေယာဉ်ပေါ်တွင် ပါဝါဘဏ်များ သယ်ဆောင်ခြင်းမပြုရန် တနင်...

ဟောင်ကောင်အလံတင် လေကြောင်းလိုင်း Cathay Pacific Airways သည် ၎င်း၏ လေယာဉ်မှူးများနှင့် လေယာဉ်အမှုထမ်းများအား လေယာဉ်ပေါ်တွင် ပါဝါဘဏ်များ သယ်ဆောင်ခြင်းမပြုရန် တနင်္လာနေ့ (ဧပြီ ၇)မှ စ၍ တားမြစ်သဖြင့် ခရီးသည်များထက် ၂ ဆတိုး တင်းကျပ်သည့်အပေါ် မကျေမနပ် ပြောဆိုမှုများ ထွက်ပေါ်နေသည်။"ခရီးသည်တွေကိုတော့ သူတို့ရဲ့ ပါဝါဘဏ်တွေကို လေယာဉ်ပေါ် သယ်ခွင့်ပြုထားပေမဲ့ လေယာဉ်အမှုထမ်းတွေကို ကျတော့ မသယ်ရဘူးလို့ တားမြစ်ထားတဲ့အခါ ဘာလို့ ကျွန်တော်တို့ကို နှစ်ဆတိုး တင်းကျပ်ရသလဲ ဆိုတာကို ကျွန်တော်တို့ နားမလည်ဘူး"ဟု လေကြောင်းလိုင်း ဝန်ထမ်းသမဂ္ဂ Flight Attendants Union ၏ ဒုဥက္ကဋ္ဌ Brenda Cheng က ပြောကြားခဲ့သည်။


news-view-count-icon

14