မန္တလေးဒေသအတွင်း ဖြစ်ပွားသည့် ငလျင်ကြီးကြောင့် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားပြိုင်ကွင်းအတွင်းရှိ ဘောလုံးကွင်း၊ ပြေးလမ်း၊ ပွဲကြည့်စင်နှင့် ဝင်ပေါက်များမှာ ထိခိုက်ပျက်စီးမှုများ ရှိလာခဲ့သည်။ ဧပြီ ၇ ရက်တွင် ဆောင်ရွက်သည့် သွားရောက်ကြည့်ရှုမှုအတွင်း ငလျင်ဘေးဒဏ်ကြောင့် အဆောက်အဦးများ ထိခိုက်ပျက်စီးမှုအခြေအနေများကို စစ်ဆေးခဲ့ကြသည်။



