ပြည်တွင်း ငလျင်ဒဏ်သင့် ဒေသများရှိပြည်သူများဆက်သွယ်မှုအဆင်ပြေစေရန် အခမဲ့စာတိုပေးပို့ ဝန်ဆောင်မှုကိုဆောင်ရွက်ပေးထားရာ ယခုအခါ ဧပြီ ၁၁ ရက်အထိ ထပ်မံတိုးပေးလိုက်တယ်လို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ထုတ်ပြန်ထားပါတယ်။အဆိုပါ အခမဲ့ဝန်ဆောင်မှုကို မူလက ဧပြီ လ၅ ရက် အထိ အော်ပရေတာများ ကအခမဲ့ဆောင်ရွက်ပေးထားရာ ယခုတွင် MPT၊ ATOM ၊ MYTEL ၊ Ooredooစသည့် အော်ပရေတာများအားလုံးက ငလျင်ဒဏ်သင့်ဒေသ များရှိပြည်သူများဆက်သွယ်မှုအဆင်ပြေစေရန် ယခုလိုထပ်တိုး၍ ဆောင်ရွက်ပေးတာ ဖြစ်ကာမတ်လ၂၈ ရက်က ပြင်းထန်ငလျင်လှုပ်ခတ်မှုကြောင့်နိုင်ငံတစ်ဝှမ်းရှိ မိုဘိုင်းဆက်သွယ်ရေး စခန်း ၂၆,၀၀၀ ကျော်အနက် ၆,၇၃၀ ကျော်ဟာ ဆက်သွယ်ရေးပြတ်တောက်မှုဖြစ်ပေါ်ခဲ့ပြီး ပြန်လည်ကောင်းမွန်ရေး ဆောင်ရွက်ခဲ့ရာ ဧပြီလ၆ ရက်အထိစခန်းပေါင်း ၅,၉၀၀ ကျော် ပြုပြင်ခဲ့နိုင်ခဲ့ပါတယ်။


