back

ဂျပန်နိုင်ငံမှာ လေကြောင်း အရေးပေါ်လူနာတင်ယာဉ် မတော်တဆမှုကြောင့် လူ ၃ ဦး သေဆုံး

Apr 07 • 3:29 PM

breaking-news

မြန်မာ

ပြည်ပ

cover

ဂျပန်နိုင်ငံမှာ လေကြောင်း အရေးပေါ်လူနာတင်ယာဉ် မတော်တဆမှုကြောင့် လူ ၃ ဦး သေဆုံး

ဂျပန်နိုင်ငံ အနောက်ပိုင်း နာဂါစာကီ ခရိုင်မှာ ဧပြီလ ၆ ရက် တနင်္ဂနွေနေ့က ပျောက်ဆုံးသွားခဲ့တဲ့ လေကြောင်း အရေးပေါ်လူနာတင်ယာဉ်တစ်စင်း ပင်လယ်ထဲမှာ မျောနေတာကို တွေ့ရှိ...

ဂျပန်နိုင်ငံ အနောက်ပိုင်း နာဂါစာကီ ခရိုင်မှာ ဧပြီလ ၆ ရက် တနင်္ဂနွေနေ့က ပျောက်ဆုံးသွားခဲ့တဲ့ လေကြောင်း အရေးပေါ်လူနာတင်ယာဉ်တစ်စင်း ပင်လယ်ထဲမှာ မျောနေတာကို တွေ့ရှိခဲ့ပါတယ်။ ဒီရဟတ်ယာဉ်ပေါ်မှာ လိုက်ပါခဲ့သူ ၆ ဦးစလုံးကို ပြန်တွေ့ခဲ့ပြီဖြစ်ပါတယ်။ ၃ ဦး အသက်ရှင်လျက်ရှိပြီး ၃ ဦး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။

Tsushima ကျွန်းရဲ့ လေဆိပ်ကနေ ဖူကုအိုက ခရိုင်မှာရှိတဲ့ ဆေးရုံတစ်ရုံဆီကို ဦးတည်ပြီး ရဟတ်ယာဉ်တစ်စင်း ထွက်ခွာသွားပြီးနောက် အဆက်အသွယ်ပြတ်တောက်သွားခဲ့ကြောင်း ဧပြီ ၆ ရက်နေ့ မွန်းလွဲပိုင်းမှာ သတင်းပို့ချက်ရခဲ့ပါတယ်။ ဂျပန်နိုင်ငံ သယ်ယူပို့ဆောင်ရေး ဘေးကင်းရေးဘုတ်အဖွဲ့က စုံစမ်းစစ်ဆေးရေးမှူး ၂ ဦးဟာ တနင်္လာနေ့မှာ အဲဒီကိစ္စကို စစ်ဆေးမှုတွေကို စတင်မယ်လို့ သိရပါသည်။


news-view-count-icon

14