ဧပြီ ၇ ရက်တွင် ကောက်ယူရရှိသော စာရင်းများအရ ငလျင်ဘေးဒဏ်ကြောင့် သေဆုံးခဲ့ရသူ ၃,၆၀၀ ဦး၊ ဒဏ်ရာရရှိသူ ၅,၀၁၇ ဦးနှင့် ပျောက်ဆုံးသူ ၁၆၀ ဦးရှိကြောင်း သိရသည်။လက်ရှိတွင် ငလျင်ဒဏ်သင့်ဒေသများ၌ နိုင်ငံပေါင်း (၂၀) မှ ကယ်ဆယ်ရေးဝန်ထမ်းပေါင်း ၁၇၃၈ ဦး စေလွှတ်ပြီး ကယ်ဆယ်ကူညီရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း၊ ထောက်ပံ့ရေးပစ္စည်း ၁,၂၈၁ တန်ကျော်နှင့် ကယ်ဆယ်ရေးပစ္စည်း ၈၄၄ ကျော် ရောက်ရှိပြီဖြစ်ကြောင်း သိရပါသည်။



