back

လောက်ကိုင်မြို့မှာ ပိတ်ထားတဲ့ ဆိုင်ခန်းတွေကို ပြန်လာဖွင့်ဖို့ ပြောပြီး မဖွင့်ရင် ဒဏ်ငွေ ဆောင်ရမယ်လို့ ဆို

Apr 07 • 3:13 PM

breaking-news

မြန်မာ

ရှမ်း

cover

လောက်ကိုင်မြို့မှာ ပိတ်ထားတဲ့ ဆိုင်ခန်းတွေကို ပြန်လာဖွင့်ဖို့ ပြောပြီး မဖွင့်ရင် ဒဏ်ငွေ ဆောင်ရမယ်လို့ ဆို

လောက်ကိုင်မြို့မှာ ပိတ်ထားတဲ့ ဆိုင်ခန်းတွေကို ပြန်လာဖွင့်ကြဖို့ ပြောဆိုထားတာရှိတယ်လို့ လောက်ကိုင်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။လောက်ကိုင်မှာ စီးပွားရေးလည်ပ...

လောက်ကိုင်မြို့မှာ ပိတ်ထားတဲ့ ဆိုင်ခန်းတွေကို ပြန်လာဖွင့်ကြဖို့ ပြောဆိုထားတာရှိတယ်လို့ လောက်ကိုင်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။လောက်ကိုင်မှာ စီးပွားရေးလည်ပတ်မှုက အရင်လို ပြန်မဖြစ်သေးတာကြောင့် ပိတ်ထားတဲ့ဆိုင်တွေကို ပြန်လာဖွင့်ခိုင်းတာဟာ လူထုတွေအတွက် အခက်ခဲရှိစေတယ်လို့ ဆိုပါတယ်။မြို့ထဲလူစည်ကားလာအောင် ပိတ်ထားတဲ့ ဆိုင်ခန်းတွေကို ပြန်ဖွင့်ခိုင်းတာလည်း ဖြစ်နိုင်တယ်လို့ နောက်ထပ် လောက်ကိုင်မြို့ခံ အမျိုးသမီးက ပြောပါတယ်။

news-view-count-icon

15