back

ရန်ကုန်တွင် မနက်စာကို အဝစား ဘူဖေးပုံစံဖြင့် ရောင်းချမှုများလာ

Apr 07 • 3:10 PM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်တွင် မနက်စာကို အဝစား ဘူဖေးပုံစံဖြင့် ရောင်းချမှုများလာ

ယခုနောက်ပိုင်း ရန်ကုန်အတွင်းရှိ စားသောက်ဆိုင်ကြီးများ၊လက်ဖက်ရည်ဆိုင်ကြီးများ၊ဟိုတယ်ကြီးများ ၊ တာဝါအဆောက်အအုံကြီးများတွင် မနက်စာကို အစေားအသောက်မျိုးစုံ၊အချိုရည်မ...

ယခုနောက်ပိုင်း ရန်ကုန်အတွင်းရှိ စားသောက်ဆိုင်ကြီးများ၊လက်ဖက်ရည်ဆိုင်ကြီးများ၊ဟိုတယ်ကြီးများ ၊ တာဝါအဆောက်အအုံကြီးများတွင် မနက်စာကို အစေားအသောက်မျိုးစုံ၊အချိုရည်များဖြင့် တည်ခင်းထားပြီး အဝ စားဘူဖေးပုံစံဖြင့် ရောင်းချမှုများလာကြောင်း သိရသည်။မနက်စာ အဝစား ဘူဖေးဆိုင်များတွင် မုန့်ဟင်းခါး၊ထမင်းကြော်၊ခေါက်ဆွဲကြော်၊ကြာဇံကြော်၊ ကောက် ညှင်းပေါင်း၊ ဆီထမင်း၊ ပဲနံပြား၊ အီကြာကွေး၊ လက်ဖက်ရည်၊ အချိုရည်၊သစ်သီး၊ အစရှိသည့် အစားအသောက် များကို ရောင်းချပိုများပြီး ဈေနှုန်းအရလည်း တစ်ယောက်ကို ငွေကျပ် တစ်သောင်း မှ တစ်သောင်းခွဲ အထိ အနိမ့် ဆုံးပေးဆောင်ရသလို အချိန်အတိုင်းအတာအနေနဲ့လည်း စားသုံးတစ်ယောက်အတွက်လုံလောက်သည့် အတိုင်း အတာတစ်ခု ပေးထားခြင်းကြောင့် စားသုံးသူအတွက်လည်း တန်သလို ရောင်းချသူအတွက်လည်း တွက်ချေ ကိုက်သဖြင့် မနက်စာ ဘူဖေးဆိုင်များ ယခင်ထက် အလုပ်ဖြစ်လာကြောင်း သိရသည်။ရန်ကုန်တွင် မနက်စာ အဝစား ဘူဖေးဆိုင်များအပြင် ဘာဘီကျူး၊မူကထ၊ဟော့ပေါ့၊ အကင်ဆိုင် အစ ရှိသည့် စားသောက်ဆိုင်ကြီးများလည်း အဝစားဘူဖေးပုံစံဖြင့် ရောင်းချမှုများလာကြောင်း သိရသည်။


news-view-count-icon

19