back

မတ်လအတွင်း မန္တလေးမှာ မီးလောင်မှု (၁၇)ကြိမ်ထိ ဖြစ်ပွား

Apr 07 • 1:44 PM

breaking-news

မြန်မာ

မန္တလေး

cover

မတ်လအတွင်း မန္တလေးမှာ မီးလောင်မှု (၁၇)ကြိမ်ထိ ဖြစ်ပွား

မန္တလေးတိုင်းဒေသကြီးမှာ မတ်လအတွင်း မီး (၁၇) ကြိမ် လောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာန မှ သိရသည်။မီးလောင်မှုဖြစ်စဉ်များထဲတွင် လူနေအဆောက်အဦး မီးလောင်မှု (၁၃...

မန္တလေးတိုင်းဒေသကြီးမှာ မတ်လအတွင်း မီး (၁၇) ကြိမ် လောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာန မှ သိရသည်။

မီးလောင်မှုဖြစ်စဉ်များထဲတွင် လူနေအဆောက်အဦး မီးလောင်မှု (၁၃) ကြိမ်၊ မြက်ခြောက်မီးလောင်မှု (၁) ကြိမ်၊ ထင်းရှုးတော မီးလောင်မှု (၁)ကြိမ်၊ ကားမီးလောင်မှု (၂) ကြိမ် အထိ စုစုပေါင်း (၁၇) ကြိမ် ရှိခဲ့ကြောင်း သိ ရသည်။မတ်လအတွင်း မီးလောင်မှုဖြစ်စဉ်များထဲတွင်လည်း မတ်လ (၁၀) ရက်နေ့တွင် တစ်ရက်တည်း (၃) ကြိမ် အထိ မီးလောင်မှုဖြစ်ပွားခဲ့သလို မတ်လ (၁၇) နေ့တွင်လည်း တစ်ရက်တည်း (၂) ကြိမ်အထိ မီးလောင်မှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။မီးလောင်ကျွမ်းခဲ့သည့် မြိုနယ်များမှာ မဟာအောင်မြေ၊ ချမ်းအေးသာစံ၊ မြစ်သား၊ ပုသိမ်ကြီး၊ မြင်းခြံ နှင့် ချမ်မြသာစည် မြို့နယ်တို့ ဖြစ်ကြောင်း သိရသည်။ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာလည်း မတ်လအတွင်း ကိုင်းတောမီးလောင်မှု (၉) ကြိမ်အထိ ရှိခဲ့ ကြောင်း မီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။



news-view-count-icon

11